Home » News » မိတ္ထီလာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား(၂၄-၁၂-၂၀၁၉)

မိတ္ထီလာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား(၂၄-၁၂-၂၀၁၉)

မိတ္ထီလာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား(၂၄-၁၂-၂၀၁၉)

မိတ္ထီလာ ဒီဇင်ဘာ ၂၄
မိတ္ထီလာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၄-၁၂-၂၀၁၉) ရက်နေ့တွင် ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခ(ဌာနမှူး)များက သက်ဆိုင်ရာဘာသာရပ်အလိုက် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ပြီး ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်း၊ ဆရာ၊ ဆရာမများနှင့် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

(85) (1) (4) (7) (10) (27) (40) (31) (44) (100) (111) (54) (57) (61) (65) (68) (69) (72) (79) (121) (125) (128)



Back