Home » News » မိတ္ထီလာတက္ကသိုလ် ဓာတုဗေဒဌာနမှ ဒေါက်တာထွန်းဇော်မိုး(ကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်း အခမ်းအနား(၂-၁-၂၀၂၀)

မိတ္ထီလာတက္ကသိုလ် ဓာတုဗေဒဌာနမှ ဒေါက်တာထွန်းဇော်မိုး(ကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်း အခမ်းအနား(၂-၁-၂၀၂၀)

မိတ္ထီလာတက္ကသိုလ် ဓာတုဗေဒဌာနမှ ဒေါက်တာထွန်းဇော်မိုး(ကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်း အခမ်းအနား(၂-၁-၂၀၂၀)

မိတ္ထီလာ ဇန်နဝါရီ ၂

ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက် ဗဟုသုတအတွေးအခေါ် အသိအမြင်တိုးတက်စေရန်ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်(ပထမပညာသင်ကာလ)၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ် လျက်ရှိရာ မိတ္ထီလာတက္ကသိုလ် ဓာတုဗေဒဌာနမှ ဒေါက်တာထွန်းဇော်မိုး(ကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Preparation, Characterization and Application of Modified Polyvinyl Alcohol Hydrogel and Starch Blended Films” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း အခမ်းအနားကို (၂-၁-၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဝန်ဇင်းခန်းမ၌ ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စာတမ်းရှင်က စာတမ်းဖတ်ကြားခဲ့ပြီး တက်ရောက်လာ ကြသူများက သိလိုသည်များကိုမေးမြန်းရာ စာတမ်းရှင်က ပြန်လည်ဖြေကြားခဲ့ပါသည်။ ယင်းနောက် ဒေါက်တာနီနီအောင် (ပါမောက္ခ-ဌာနမှူး၊ ဓာတုဗေဒဌာန)က စာတမ်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးအကြံပြု ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

(31) (45) (74) (43) (6) (9) (12) (68) (45) (54) (57) (62) (65)



Back