Home » News » မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်း အခမ်းအနား(၁၄-၁-၂၀၂၀)

မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်း အခမ်းအနား(၁၄-၁-၂၀၂၀)

မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်း အခမ်းအနား(၁၄-၁-၂၀၂၀)

မိတ္ထီလာ ဇန်နဝါရီ ၁၄
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက် ဗဟုသုတအတွေးအခေါ် အသိအမြင်တိုးတက်စေရန်ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်(ပထမပညာသင်ကာလ)၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Investigating Non-English Specialization UDE Students’ English Vocabulary Sizes Using Vocabulary Size Test” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း အခမ်းအနားကို (၁၄-၁-၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဝန်ဇင်းခန်းမ၌ ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စာတမ်းရှင်က စာတမ်းဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းရာ စာတမ်းရှင်က ပြန်လည်ဖြေကြားခဲ့ပါသည်။ ယင်းနောက် အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး)က စာတမ်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးအကြံပြု ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

(13)

(16)

(21)



Back